ဆီးရီးယားနိုင်ငံရဲ့ မြို့တော် ဒမတ်စကတ်နားက ဒါရေရာမြို့မှာ အလောင်းတွေ အမြောက်အမြား တွေ့ရတယ်လို့ အစိုးရကို ဆန့်ကျင်နေတဲ့ အတိုက်အခံတွေက ပြောကြားလိုက်ပြီး၊ ဒီအလောင်းတွေဟာ အစိုးရတပ်တွေက သတ်ဖြတ်ခဲ့တာလို့ စွပ်စွဲလိုက်ပါတယ်။
အတိုက်အခံတွေ အပြောအရ ဆိုရင်တော့ ဒါရေရာမြို့က သေဆုံးသွားသူ အများစုဟာ အကျဉ်းနည်းနဲ့ သတ်ဖြတ်ခံခဲ့ရ သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အတည်ပြုလို့ မရသေးတဲ့ သတင်းတပုဒ်အရဆိုရင် အလောင်း ၂၀၀ ကို အိမ်တွေနဲ့ မြေအောက်ခန်းတွေ ကနေ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
Post a Comment