အမှန်ဆိုရင်တော့ ဒီpostကို Virusရေးနည်းတွေ မတင်ခင် တင်ပေးရမှာပါ။ ဒါမှပိုပြီးနားလည်သဘောပေါက်လွယ်မှာဖြစ်ပါတယ်။ တင်ရမယ့် Post ကရှည်တော့အပိုင်းလိုက်ခွဲပြီးတင်ဖို့ စဉ်းစားထားပါတယ်။တချို့ ကွန်ပြူတာသုံးဝေါဟာရတွေဟာ မြန်မာလိုဘာသာပြန်လိုက်ရင်အလွန်ရှည်လျားပြီးမျက်စိပိုရှုပ်ပါတယ်။ဒါကြောင့်တိုတိုနဲ့လိုရင်းရောက်အောင် မူရင်းအင်္ဂလိပ်စာလုံးတွေကိုပဲ သုံးထားပါတယ်။Virus ဖန်တီးခြင်းအတွက် သိထားရမယ့် အချက်တွေနဲ့ နည်းပညာပိုင်းတွေ ပါဝင်မှာဖြစ်ပါတယ်...။
Virusများ နှင့် မိတ်ဆက်ခြင်း
Virus ဆိုတာ အခြား programs တွေ ဖိုင်တွေ နဲ့ သူတို့ရဲ့ အပြုအမူတွေကို ကိုယ်တိုင်ပုံတူပွားတဲ့ Program ဖြစ်ပါတယ်။
Viruses တွေကို သူတို့ရဲ့ ဖိုင်တွေ၊ တိုက်ခိုက်တဲ့နည်းလမ်းတွေ ကြည့်ခြင်းအားဖြင့် အောက်ပါအတိုင်း တွေ့ရပါတယ်။
Boot Viruses
Program Viruses
Multipartite Viruses
Stealth Viruses
Polymorphic Viruses
Macro Viruses
Active X
FAT(File Allocation Table)
COM Viruses တို့ပဲဖြစ်ကြပါတယ်။
Viruses အမျိုးအစားခွဲခြားခြင်း
Virusတွေကို သူတို့ရဲ့ အရွယ်အစားကို ကြည့်ခြင်းအားဖြင့် ၃ မျိုးခွဲခြားထားပါတယ်။
(၁) Tiny Virus
(size ၅၀၀ bytes ရဲ့ အောက် )
(၂) Large Virus
(size ၁၅၀၀ bytes ရဲ့ အထက်)
(၃) Other Virus တို့ဖြစ်ပါတယ်။
Virus တစ်ခု တိုက်ခိုက်ခြင်းရဲ့ လက္ခဏာရပ်များ
Virusတစ်ခု တိုက်ခိုက်ခြင်းရဲ့ လက္ခဏာရပ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ကြီးမားသော program ကို loading လုပ်နေရသလို အချိန်ကြာခြင်း၊
ဖိုင် နဲ့ Folders များကို ဖွင့်ရန် ခက်ခဲခြင်း၊
ထူးခြားစွာ floppy (သို့) Hard disk မှ အချက်အလက်များကိုလက်ခံနေခြင်း၊
disk spaceအသုံးပြုမှုတိုးလာခြင်း နဲ့ ဖိုင်အရွယ်အစားများ ကြီးမားလာခြင်း၊
ပုံမှန်မဟုတ်သော write-protect errors များဖြစ်ခြင်း၊
ဖိုင်နာမည်များရဲ့ directory list အတွင်းတွင် ထူးခြားသော စာလုံးများပေါ်နေခြင်း၊
ထူးခြားပြီး မျှော်လင့်မထားသော messagesများတွေ့ရခြင်း၊
ထူးခြားသော ပုံရိပ်များဖော်ပြနေခြင်း၊
Programနဲ့ systemတို့ hang သွားခြင်း တို့ပဲဖြစ်ပါတယ်။
Virusesရေးခြင်းအတွက် မရှိမဖြစ်ရှိထားရမယ့် အချက်များ
(၁) assembly language ဗဟုသုတ
memory management ကို နားလည်ခြင်း၊
registers ကို နားလည်ခြင်း။
(၂) C language နဲ့ပတ်သတ်တဲ့ ဗဟုသုတ
Pointers ရဲ့ အယူအဆများ
Function နဲ့ procedure calling
လိုအပ်သော Tool နဲ့ Utilitie များ
(၁) C compiler ( Borland Turbo Assembler (သို့) Borland C++)
(၂) Norton Utilities
(၃) Memory management utilities
MAPMEM
PMAP
MARK/RELEASE
Virus ကူးစက်ခြင်းအဆင့်အဆင့်ပြပုံ
နားလည်လောက်မယ်လို့မျော်လင့်ရပါတယ်။Virusကူးစက်ပုံအဆင့်ဆင့်နဲ့ နည်းလမ်းတွေကို အပိုင်း(၂)မှာ ဆက်လက်ဖော်ပြပေးထားပါတယ်...။
[Virus ဖန်တီးခြင်း(၂) သို့ ]
(Educational Purposes Only)
Post a Comment