တိုင်းရင်းသား ၂၅ ဖွဲ့ ညီလာခံ ကျင်းပ

Tuesday, March 19, 20130 comments

ရှမ်းပြည်နယ် နဲ့ ကယားပြည်နယ် ထဲမှာ ရှိတဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီ ၁၂ ဖွဲ့ နဲ့ လက်နက်ကိုင် ၁၃ ဖွဲ့ တို့ ပူးပေါင်းပြီး ၂၅ ဖွဲ့ ညီလာခံ တရပ်ကို လားရှိုးမြို့ မှာ မတ်လ ၂၀ ရက်ကနေ ၂၂ ရက်နေ့ အထိ ကျင်းပပါတယ်။
ဒီညီလာခံ ရဲ့ အဓိက ရည်ရွယ်ချက် က ပြည်တွင်းငြိမ်းချမ်းရေး၊ ယုံကြည်မှု တည်ဆောက်ရေး နဲ့ ပြည်ထောင်စု အတွင်းမှာ ဘယ်လို ကူညီ ဆောင်ရွက်မှု တွေ ပြုသင့် ကြောင်း စတာ တွေ ဆွေးနွေးဖို့ ရှိပုံ ကို ရှမ်းတိုင်းရင်သားများ ဒီမိုကရက်တစ် ပါတီ က စိုင်းညွန့်လွင် က ဘီဘီစီ ကို ပြောပါတယ်။
ပထမ အဆင့် အနေနဲ့ တိုင်းရင်းသာ အစု အဖွဲ့ တွေ အကြား မှာ ယုံကြည်မှု တည်ဆောက် ပြီး ဒုတိယ အဆင့် အနေနဲ့ အစိုးရ နဲ့ ယုံကြည်မှု တည်ဆောက် မှာ ဖြစ်ပုံ လည်း စိုင်းညွန့်လွင် က ရှင်းပြပါတယ်။
ကယန်းပြည်သစ် ပါတီ က တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူး စောလွင် ကလည်း ထာဝရ ငြိမ်းချမ်းမှု ရရှိရေး မှာ နိုင်ငံရေး ပြဿနာ ကို နိုင်ငံရေး နည်းနဲ့ ဖြေရှင်း မယ့် အကြောင်း ဘီဘီစီ ကို ပြောပါတယ်။
နိုင်ငံရေး ပြဿနာ ဆိုရာမှာ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး နဲ့ စစ်မှန်တဲ့ ပါတီစုံ ဒီမိုကရေစီ ထူထောင်ရေး ပါဝင်ပုံလည်း ဗိုလ်မှူး စောလွင် က ရှင်းပြပါတယ်။ အခုလို ခွဲမရ တဲ့ ဆက်စပ်မှု ကို အကောင်အထည် ဖေါ်ရာမှာ ၂ဝဝဂ အခြေခံ ဥပဒေ က ပိတ်ပင်တားမြစ် ထားတဲ့ အတွက် လွှတ်တော် ပြင်ပကနေ ပြင်ဖို့ တင်ပြကြမယ့် အကြောင်း လည်း ဘီဘီစီ ကို ပြောပါတယ်။
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ထီဖိုးစံ (စော) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger