Dec 2 Virus ဖန်တီးခြင်း (၃)

Monday, March 26, 20120 comments

ဒီအပိုင်းကတော့ Virus ဖန်တီးခြင်း posts နဲ့ပတ်သတ်ပြီး နောက်ဆုံးအပိုင်းပါ။ သေချာလေ့လာကြည့်မယ်ဆိုရင် Virus တစ်ခုကို ဖန်တီးဖို့အတွက် အစိတ်အပိုင်း ၂၅ ပိုင်း ပါဝင်တယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ ပြီးတော့ Virus ကူးစက်ခြင်းအဆင့် ၅ ဆင့်ရှိတဲ့အထဲမှာ အဆင့် (၁)၊ (၂)၊ (၃) ကို ဖော်ပြခဲ့ပြီးပါပြီ။ ဒီ post မှာတော့ အဆင့် (၄) နဲ့ (၅) အပြင် Virus ဖန်တီးခြင်းအတွက် သိထားရမယ့် Virus ရဲ့အဓိက အစိတ်အပိုင်း (၃) ပိုင်းကို ဖော်ပြထားပါတယ်။ ဒီအပိုင်းက နဲနဲရှုပ်ထွေးပါတယ်။ ကြိုးစားပြီး ဖတ်ရပါလိမ့်မယ်။


Virus ကူးစက်ခြင်း : အဆင့် (၄)

Virus ကူးစက်ဖိုင်

ဖိုင် attributes များကို သိမ်းဆည်းခြင်း
- virus ကူးစက်ဖို့အတွက် ဖိုင်တစ်ခုကို ရှာဖွေပြီးတဲ့ နောက်မှာ အဲဒီဖိုင်ရဲ့ attributes ၊ အချိန် ၊ နေ့ရက် နဲ့ ဖိုင်ဆိုဒ် တွေကို ဖတ်သားထားလိုက်ပါတယ်။
- အဲဒီ attributes တွေကို variable memory space မှာ သိမ်းဆည်းထားပြီး ပြန်လည်ခွဲဝေသတ်မှတ်ပေးပါတယ်။
-အောက်မှာပြထားတဲ့ code တွေကတော့ အဲဒီ attributes အားလုံးကို သိမ်းဆည်းပေးဖို့အတွက် အသုံးပြုပါတယ်။

Virus ကူးစက်ခြင်း : အဆင့် ( ၄) ( ဆက်လက်၍)

ဖိုင် attributes များကို လိုအပ်သလို ပြင်ဆင်ပြောင်းလဲခြင်း

- ဒီအပိုင်းကတော့ systemရဲ့ virus ကူးစက်ခြင်း၊ ဖုံးကွယ်ခြင်း နဲ့ read only ဖိုင် များဖြစ်လာဖို့အတွက် ကူညီပေးပါတယ်။
- အောက်မှာ ဥပမာ ပြထားတဲ့ code တွေကတော့ အခုပြောခဲ့တဲ့ဟာတွေကို လုပ်ဆောင်ပေးဖို့အတွက် အသုံးပြုပါတယ်။

read/write mode မှာ ဖိုင်ကိုဖွင့်ခြင်း

- handler တစ်ခုနဲ့ ဖိုင်ကို ဖွင့်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။
- ဖိုင်တစ်ခုကို ဖွင့်နိုင်တဲ့ ဥပမာ code တွေပါ။

Virus ကူးစက်ခြင်း : အဆင့် (၄) ( ဆက်လက်၍)


Virus ရဲ့ လုပ်ငန်းများကို Run ခြင်း

- ဒီအဆင့်မှာတော့ Virus ဟာ သူရဲ့ main action ကို ဆောင်ရွက်ပါတယ်။
- အစိတ်အပိုင်း အမျိုးမျိုး နဲ့ သူတို့ရဲ့ actions တွေကို နောက်ပိုင်းမှာ ဖော်ပြပေးသွားပါမယ်။

Virus ကူးစက်ခြင်း : အဆင့် (၅)

လမ်းကြောင်းများကို ကာကွယ်ခြင်း

- ဖိုင် attribute တွေ ၊ အချိန် နဲ့ နေ့ရက်တွေကို ပြောင်းလဲသွားမှန် မသိအောင် Restore ဖြစ်လုပ်ပါတယ်။
- အောက်ပါ code တွေကတော့ ဖိုင် attribute တွေကို restore လုပ်ဖို့အတွက် အသုံးပြုပါတယ်။

Virus များ၏ အစိတ်အပိုင်းများ

Virusတွေမှာ အောက်ပါအတိုင်း အပိုင်း ( ၃ ) ပိုင်း ပါဝင် ပါတယ်။ အဲဒါတွေကတော့...
(၁) Replicator ( Copier)
Replicator ဆိုတာကတော့ Virus ရောက်ရှိသွားတဲ့ system တစ်ခုလုံးမှာ Virus ပြန့်နှံ့ သွားဖို့ ဆောင်ရွက်ရတဲ့ အပိုင်းပါ။
(၂) Conceler (ဖုံးကွယ်ခြင်း)
Conceler ကတော့ နေ့စဉ်အသုံးပြုနေတဲ့ user တွေ၊ Virus scanner တွေက Virus program ကို တွေ့မသွားအောင် ကာကွယ်ထားပေးပါတယ်။
(၃) Bomb/Payload
Virus ရဲ့ ဒီအပိုင်းကတော့ deletion အားလုံး ၊ slowdown အားလုံး စသဖြင့် Virus ရဲ့ ဖျက်ဆီးခြင်းအပိုင်းတွေကို လုပ်ဆောင်ပါတယ်။

Replicator အပိုင်း ရဲ့ Function များ

Replicator ဟာ အောက်က အဆင့် နှစ်ခု အတိုင်း အလုပ်လုပ်ပါတယ်...
၎င်းဟာ ကူးစက်ခံရတဲ့ ဖိုင်ရဲ့ ပထမဆုံး bytes အနည်းငယ်ကို အရင်ဆုံး saves လိုက်ပါတယ်။
အဲဒီနောက်မှာတော့ Virus code အပိုင်းလေးတစ်ခုကို ဖိုင် ရဲ့ အစ နဲ့ အဆုံး ပိုင်းမှာ copy ကူးထည့်ပေးလိုက်ပါတယ်။

အောက်မှာပြထားတဲ့ Diagram ကို ကြည့်လိုက်ရင် ရှင်းသွားပါလိမ့်မယ်။

Diagrammatical representation

Replicator ရဲ့ Writing ပိုင်း

အဆင့် (၁) : program ရဲ့ V2 သို့ V1 transfers control

Replicator ရဲ့ Writing ပိုင်း (ဆက်လက်၍)
အဆင့် (၂) :

V2 မှာ main virus code ကိုထည့်ပါတယ်။
V2 ရဲ့ နောက်ဆုံးအပိုင်းမှာ V1 ရဲ့ နေရာကနေထွက်လာတဲ့ P1 ကို copy လုပ်ပါတယ်။
ဖိုင် ရဲ့ အစပိုင်းကို Transfers control လုပ်ပါတယ်။

အထက်ပါ အလုပ်တွေကို ပြုလုပ်ဆောင်ရွက်ပေးမယ့် Sample Code တွေဖြစ်ပါတယ် :

Concealer ရဲ့ Writing ပိုင်း

Concelar က user တွေ နဲ့ Virus scanner တွေ မတွေ့အောင် Virus codes ကို ဖုံးကွယ်လိုက်ပါတယ်။
Virusတွေကို ဖုံးကွယ်ပေးဖို့အတွက် Encryption ဟာ အတွင်ကျယ်ဆုံးသုံးနေတဲ့ methodတစ်ခုပါ။

XOR encryption တစ်ခု အတွက် ဥပမာ code တွေ ဖြစ်ပါတယ်...


Dispatcher

Dispatcher ဆိုတာကတော့ Virus ကူးစက်တဲ့ program ဆီကို control ပြန်လုပ်နိုင်ဖို့အတွက် restore လုပ်ပေးတဲ့ Virus ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
COM virus တစ်ခုအတွက် Dispatcher ပါ...

Bomb/Payload ရဲ့ Writing ပိုင်း

ဒီအပိုင်းကတော့ virus တစ်ခုရဲ့ အဓိက အခန်းကဏ္ဍဖြစ်ပါတယ်။
Bomb အပိုင်းမှာ အောက်မှာ ပြထားတဲ့ problem တွေကို ဖန်တီးဖို့အတွက် ရေးသားနိုင်ပါတယ် :

System slowdown
File deletion
မကောင်းသော/ရိုင်းစိုင်းသော message များ ဖော်ပြစေခြင်း
hard drive ရဲ့ Partion Table/Boot Sector/FAT များကို ဖျက်ဆီးပစ်ခြင်း/အစားထိုးခြင်း(သို့)အသစ်လဲလှယ်ခြင်း

Virus ရဲ့ Payload အပိုင်းမှာ ပါဝင်တာတွေကတော့ :

Trigger mechanism (အစပျိုးပေးသော စနက်ပိုင်း)
Destructive code (ပျက်စီးစေသော code )

Trigger Mechanism

Trigger Mechanism ဟာ Virus တစ်ခု activation ဖြစ်ဖို့အတွက် logical condition ကို ဖန်တီးပေးပါတယ်။
Trigger တွေရဲ့ type တွေကတော့ အောက်ပါအတိုင်းဖြစ်နိုင်ပါတယ် :

Counter trigger
Keystoke trigger
Time trigger
Replication trigger
System parameter trigger
Null trigger

Bombs/ Payloads

Payloads ရဲ့ logics မှာ အောက်ပါ action တွေအတိုင်း ဆောင်ရွက်အောင် code ရေးသားနိုင်ပါတယ် :

Brute force attacks
Hardware failure
Stealth attack
Indirect attack

Brute Force Logic Bombs

ဒီ bombs တွေကတော့ system resources တွေကို ပျက်ဆီးစေခြင်း မရှိပါဘူး။ ဒါပေမယ့် စိတ်အနှောင့်အယှက် ဖြစ်အောင်တော့ ဖန်တီးနိုင်ကြပါတယ်။
အောက်မှာ ဥပမာ ပြထားတဲ့ code တွေကတော့ system speaker ကို turn on လုပ်ပေးတဲ့ code တွေဖြစ်ပါတယ်...


Virus Code များကို စမ်းသပ်ခြင်း
back up လုပ်ထားတဲ့ Virus codes တွေကို ယူပါ။
RamDrives များကိုသုံးပါ။
anti-virus utilitie များကိုသုံးပါ။

အကောင်းမွန်ဆုံး Virus ရေးသားခြင်းအတွက် အကြံပေးချက်

heap memory ကိုသုံးပါ။
procedure call များကိုအသုံးပြုပါ။
ကောင်းမွန်တဲ့ assembler နဲ့ debugger တစ်ခုကို သုံးပါ။
LEA အစား MOV ကို အသုံးမပြုပါနဲ့။

အတိုချုပ်အနေနဲ့ ပြောရရင်တော့...
ကွန်ပြူတာ virus ဆိုတာ self-replicating computer program တစ်ခုဖြစ်ပြီးတော့ အခြား executable code ( သို့) documents များထဲကို သူ့ကိုယ်သူ copy ကူးထည့်ခြင်း အားဖြင့် ကူးစက်ပြန့်နှံ့စေပါတယ်။
Virus ရေးသားခြင်းအတွက် အခြေခံကျတဲ့ လိုအပ်ချက်ကတော့ assembly language ကို မချွင်းမချန် သိထားရမှာပဲဖြစ်ပါတယ်။
Utilitie တွေအနေနဲ့ကတော့ turbo C compiler နဲ့ Norton utilitie တွေက virus ရေးသားခြင်း process အတွက် လွယ်ကူချောမွေ့စေပါတယ်။
Virus မှာ replicator , concealer နဲ့ payload ဆိုပြီး အပိုင်း (၃) ပိုင်းပါဝင်ပါတယ်။

နားလည်မယ်လို့တော့ ထင်ပါတယ်။ ဒါပေမယ့် beginner တွေအတွက်တော့ နဲနဲခက်ပါတယ်။ နောက်ထပ် Virus Guide တွေကိုလည်း အဆင်ပြေရင် ပြေသလို (ကျနော် မပျင်းရင်ပေါ့လေ...:P ) တင်သွားပေးပါ့မယ်။

(Educational Purposes Only)
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ထီဖိုးစံ (စော) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger