USB ports ကို Disable လုပ်နိုင်တဲ့ Simple Virus

Monday, March 26, 20120 comments

ဒီpostမှာတော့ C programming language ကို သုံပြီး ကွန်ပြူတာနဲ့ချိတ်ဆက်ထားတဲ့ USB ports တွေကို disables/blocks
လုပ်တဲ့ Simple Virus အကြောင်းကိုဖော်ပြထားပါတယ်။ C Language ကို အခြေခံသိပြီးသားသူတွေအနေနဲ့ကတော့ ဒီ virus
program ရဲ့အလုပ် လုပ်ပုံကို နားလည်နိုင်ပါလိမ့်မယ်။
ဒီ virus စပြီးအလုပ်လုပ်ပြီဆိုတာနဲ့ ချက်ချင်းကွန်ပြူတာနဲ့ချိတ်ဆက်ထားတဲ့ USB portsများအားလုံး disable ဖြစ်သွားပါလိမ့်မယ်။ သင့်ရဲ့ USB pen drive
နဲ့ အခြား USB သုံးပစ္စည်းများလည်း လာရောက်မချိတ်ဆက်နိုင်တော့ပါဘူး။ ဒီ virus ကို သင့်ကွန်ပြူတာပေါ်မှာ စိတ်ရိမ်စိတ်မရှိပဲ
အေးဆေး စမ်းသပ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ USB ports အားလုံးကို re-enable လုပ်တဲ့ program တခုကိုပါ ထည့်ပေးထားမှာ
မို့လို့ပါ။ အောက်မှာ ဒီ virus ရဲ့ source code ကို download ချနိုင်ပါတယ်။
(၁) သင့် ကွန်ပြူတာသို့ USB Block.rar ကို Download လုပ်ပါ။
(၂) ဒီ USB Block. rar ဖိုင်ထဲမှာ ဖိုင် ၂ ခုရှိပါတယ်။

block_usb.c (source code)

unblock_usb.c(source code)

(၃)ဒီviurs program ကို run နိုင်ဖို့အတွက် C programs ကို Compile လုပ်ဖို့လိုပါတယ်။ C Programs ကို ဘယ်လို Compile လုပ်မလဲ ဆိုတဲ့ Post တွင်
ကြည့်ပါ။
(၄)block_usb.c ကို Compilation လုပ်လို့ပြီးပြီဆိုရင် block_usb.exe ကို double click လိုက်တာနဲ့ ကွန်ပြူတာမှာ ရှိတဲ့ USB ports များအားလုံး
disable/block ဖြစ်သွားတဲ့ simple virus တခုသင် ရရှိသွားပြီဖြစ်ပါတယ်။
(၅)ဒီ virus ကို စမ်းသပ်ဖို့အတွက်ကတော့ block_usb.exe ဖိုင်ကို run လိုက်ပါ။ ပြီးရင် သင့်ရဲ့ USB pen drive ကို တပ်လိုက်ပါ။ detected မဖြစ်တာကို
တွေ့ရပါလိမ့်မယ်။ USB ports တွေကို re-enable လုပ်ဖို့အတွက်ကတော့ unblock_usb.exe( unblock_usb.c ကို compile လုပ်ဖို့လိုပါတယ်။)ဖိုင်ကို run
လိုက်ပါ။ ပြီးရင် pen drive ကို ပြန်တပ်လိုက်တဲ့အခါ detected ပြန်သွားဖြစ်တာကိုတွေ့ရမှာပါ။
(၆)ဒီvirus ကိုလည်း အခြား သာမန် program များနဲ့ တူအောင် icon change ဖို့လိုပါတယ်။ EXE ဖိုင်ရဲ့ icon ပုံစံကို ဘယ်လိုပြောင်းမလဲ ဆိုတဲ့ port
မှာကြည့်နိုင်ပါတယ်။

(Educational Purposes Only)

(မူရင်း - A Virus Program to Disable USB ports မှ)
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ထီဖိုးစံ (စော) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger